၁၀ဒေါ်လာတန်နာရီတစ်လုံး

2025-09-26

၁၀ဒေါ်လာတန်နာရီတစ်လုံး

ဒီCasio နာရီကို အားလုံးသိကြမယ်ထင်ပါတယ် ကျွန်တော်တို့ငယ်ငယ်က သဘောတကျပတ်ခဲ့ကြတဲ့ နာရီလေးပေါ့။ ခုချိန်ထိကို Casio ကတစ်နှစ်ကို အလုံးရေ ၃သန်းလောက်ထုတ်လုပ်နေရတယ်လို့ဆိုပါတယ်။

ကျွန်တော်တို့တင်ကြိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ အ့ဒီအချိန်ခါက Middle East မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ Terrorist(အကြမ်းဖက်သမား) တွေကနေ အမေရိကန်သမ္မတ Obama အထိဝတ်ဆင်တာကို တွေ့ဖူးကြမှာပါ၊ လက်နက်ကိုင် ၁၀ ယောက်မှာ ၉ ရောက်လောက်ဝတ်ဆင်ထားတာတွေ့ရမှာပါ။ ကျွန်တော်တို့ အဘိုင်ကြီး ဘင်လာဒင်လည်းတော်တော်ကြိုက်တယ်ထင်ပါတယ်။

ကျွန်တော်ဒီနေ့ပြောပြချင်တာက ဒီနာရီကဘယ်လိုကောင်းတယ်ဆိုတာထက် ဒီနာရီကို သုံးပြီးတော့အကြမ်းဖက်သမားတွေ ဘယ်လို အချိန်ကိုက်ဗုံးလုပ်လည်ဆိုတာ ကျွန်တော်ခန့်မှန်းရသလောက် ပြောချင်ပါတယ်။ ဒီစာဟာ သူခိုးလမ်းပြ မဟုတ်သလို အကြမ်းဖက်စိတ်ကို ထောက်ခံတာလည်း မဟုတ်ပါဘူး။ နောက်ကွယ်က ဘယ်လို နည်းပညာတွေပါလည်းဆိုတာ engineering အမြင်အရရေးမှာပါ။

ပုံမှန် ဗုံးတစ်လုံးဘယ်လို ဖောက်ခွဲ သလဲ

#############################

ပုံမှန်အားဖြင့်ပေါက်ကွဲဖို့ ဗုံးခလုတ်ကိုနှိပ်တယ်ဆိုကြပါဆို့၊ အဲ့ဒီကနေမှ electric detonator ကို volt ရောက်ပြီး ပေါက်ကွဲတယ်ပေါ့။ အဲ့တော့ လူကိုယ်တိုင်နှိပ်ရမယ့် ခလုတ်နေရာကိုဘယ်လို Casio နာရီလေးနဲ့ အစားထိုးကြလည်း။ အားလုံးသိကြတဲ့အတိုင်း နာရီရဲ့ alarm function ကိုသုံးတာပါ၊ ဒီအသံ ပိစိလေးအော်နေတာကနေ ဗုံးထပေါက်တာလားဆိုတော့ ဘယ်ဟုတ်ပါ့မလည်း၊ နာရီကနေ ထုတ်လုပ်ပေးတဲ့ power က ဗုံးတစ်လုံးကို ဖောက်ခွဲဖို့ မလုံလောက်ပါဘူး။ ထိုအခြေအနေမှာ အဖြေကတော့ low voltage switching ပါ။

Low voltage switching

#######################

Low voltage switchingက ဘာလည်းဆိုရင် တစ်နည်းအားဖြင့်ပြောရရင် လူမိုက်ကို agent ကနေမှတစ်ဆင့်ငှါးပြီး လူရိုက်ခိုင်းတယ်လို့ပြောလို့ရပါတယ်။ ကိုယ်မလုပ်နိုင်တဲ့ အရာတစ်ခုကို ခြားခုံလူနဲ့ လုပ်ခိုင်းတယ်ဆိုပါတော့။ အ့တော့ ငှါးတဲ့သူကဘယ်သူ၊ agent ကဘယ်သူ၊လူမိုက်ကဘယ်သူလည်း၊ အောက်က ပုံထဲမှာ တွေ့ရသလောက်တော့ ငှါးတဲ့သူက Casio နာရီ Agent က transistor နဲ့ လူမိုက်က Mosfet ဖြစ်ပါတယ်။ ဆိုတော့ကာ မေးစရာက လူမိုက်(mosfet) ကို တမ်းမငှါးလည်း? အဖြေကိုသိဖို့ တစ်ခုခြင်း အလုပ်လုပ်ပုံကိုရှင်းပြပါမယ်။

Transistor

#######

Transistor ဆိုတာကတော့ semiconductor တစ်မျိုးဖြစ်ပြီး ယနေ့ခတ် computer တွေရဲ့ အခြေခံ အုတ်မြစ်တစ်ခုပေါ့ သူ့ကို အလွယ်ဘယ်လို နားလည်ထားလို့ရလည်းဆိုရင် အိမ်မှာ မီးအဖွင့်အပိတ်လုပ်တဲ့ switch တစ်ခုအနေနဲ့ မှတ်ထားလို့ရပါတယ်။ NPN နဲ့ PNP ဆိုပြီး နှစ်မျိုးရှိပါတယ် ပုံမှန်switch နဲ့ ဘာကွားလည်းဆိုရင်တော့ ပုံမှန် မှးခုလုတ်တွေက လက်နဲ့ အဖွင့်အပိတ်လုပ်တယ်ဆိုရင် သူကတော့ electrical signals နဲ့ အဖွင့် အပိတ်လုပ်ပါတယ်။ ထိုနေရာမှာ သူ့ရဲ့ အားသာချက်ကတော့ 5v ရှိတဲ့ အရာတစ်ခုကို အဖွင့် အပိတ်လုပ်မယ်ဆိုရင် 5v signal ပေးစရာမလိုပဲ 0.8V ကနေ 2V ကြားပဲလိုပါတယ်( အ့တာကတော် transistors အမျိုးအစားနဲ့ specification ပေါ်မူတည်ပြီးကွာပါတယ်). ထိုအရာကို transistor gain ဟုခေါ်ပါတယ်။ ဆိုတော့ Casio နာရီနဲ့ transistor ကို ပေါင်းသုံးလိုက်ချင်းဖြင့် နာရီကထုတ်ပေးတဲ့ 3V signal ကနေ 5V လောက်အထိ ရောက်သွားပြီပေါ့

MOSFET

##########

MOSFET ဆိုတာကလည်း transistor တစ်မျိုးပါပဲ၊ သူ့ရဲ့ အရှည်ကောက်ကတော့ (Metal oxide semiconductor field-effect transistor) လို့ခေါ်ပါတယ်။ (အမလေး ရှည်လိုက်တဲ့ နာမည်😂😂)သူလည် transistor နည်းတူ switches တစ်ခုပါပဲ၊ ဘာကွာသွားလည်းဆိုရင်တော့ သူက power အများကြီးကို switching လုပ်နိုင်ပါတယ်။ ဆိုလိုချင်တာက transistor လို 5V လောက်ပဲ အဖွင့် အပိတ် လုပ်နိုင်တာမဟုတ်ပဲ volts အများကြီးကို အဖွင့် အပိတ်လုပ်နိုင်ပါတယ်။ ( အ့တာကြောင့်ပဲ သူ့ကိုလူမိုက်လို့ပြောတာပါ🤣)။ အဖွင့်အပိတ်လုပ်ရန် အတွက် transistor နည်းတူ voltage အများကြီးမလိုပါဘူး 5V ကနေ 20V လောက်ထိပဲ လိုအပ်ပါတယ်။( သူလည်းပဲ အမျိုးအစားနဲ့ specification ပေါ်မူတည်ပြီး ကွာပါဉီးမယ်) ဆိုတော့ကာ ပါဝင်တဲ့ ပစ္စည်းတွေ ဘယ်လို အလုပ်သလည်းဆိုတာ သိပြီဆိုတော့၊ အချင်းအချင်း ဘယ်လို ချိတ်ဆက် အလုပ်လုပ်လည်းဆိုတာ ကြည့်ရအောင်၊ Casio နာရီကနေ ထုတ်ပေးလိုက်တဲ့ 3V signal နဲ့ transistor ကို အရင်ဆုံး ဖွင့်ပါတယ်၊ transistor ကနေမှတစ်ဆင့် mosfet ကိုထပ်ဖွင့်ပြီးတဲ့အခါ boom 💥💥ဆိုပြီး အသံမြည်သွားမှာပါ၊

Summary အနေနဲ့ ပြောရရင် Casio နာရီက ဗုံးကို ဖောက်ခွဲနိုင်တဲ့ အင်အားမရှိဘူး၊ အ့တော့ ကြားခံ transistor နဲ့ mosfet အကူအညီကို ယူပြီးတော့ တစ်ဆင့်ခြင်း အဖွင့် အပိတ်လုပ်ကာ ဖောက်ခွဲပါတယ်။

ကျွန်တော် အပေါ်မှာ ပြောသလို ကိုအမြင်ကက်တဲ့သူကို မရိုက်ရဲလို့ လူမိုက်ငှါးပြီး ရိုက်တဲ့ သဘောပါပဲ။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🚫သတိပြုရန်🚫 ယခုစာသည် အကြမ်းဖက်ဖောက်ခွဲခြင်း ဖောက်ခွဲရေးပစ္စည်းများနှင့် ပတ်သက်ဆက်နွယ်မှု့မရှိပါ။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

← Back to blogs