အီရန် နဲ့ အာဖဂန်နစ္စတန် ထိတောင် စစ်မှု့ထမ်းပြန်လာပြီးမှ စိတ္တစ သူငယ်ချင်းသတ်လို့သေသွားတဲ့ legend တစ်ဦး (သို့) Chris Kyle

2025-08-15

အီရန် နဲ့ အာဖဂန်နစ္စတန် ထိတောင် စစ်မှု့ထမ်းပြန်လာပြီးမှ စိတ္တစ သူငယ်ချင်းသတ်လို့သေသွားတဲ့ legend တစ်ဦး (သို့) Chris Kyle

Chris Kyle လို့ပြောလိုက်ရင် American movie (American sniper) ပြေးမြင်ကြပါလိမ့်မယ်။ Kyle သည် အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး “American Sniper “ဟုခေါ်သော အတ္ထုပ္ပတ္တိစာအုပ်၏ စာရေးသူလည်းဖြစ်သည်။ အမေရိကန်စစ်တပ်သမိုင်းတွင် one of the deadliest snipers တစ်ဦးအဖြစ် ကျော်ကြားပါတယ်။ ဂျီဟတ်တိုက်ပွဲများတွင် (အထူးသဖြင့် အီရတ်စစ်ပွဲများတွင်) confirmed kills ၁၆၀ ကျော်ရှိသည်ဟု ဖော်ပြထားပါသေးတယ်။ ၂၀၀၉ ခုနှစ် စစ်တပ်မှအနားယူပြီးနောက် စစ်မှုထမ်းအငြိမ်းစားများအတွက် စိတ်ကျန်းမာရေးထောက်ပံ့ရေးအလုပ်များတွင် ပါဝင်ခဲ့တယ်။ PTSD (စစ်မှုပြန်လာခြင်းကြောင့်ဖြစ်သော စိတ်ဖိစီးမှုရောဂါ) ရှိသော တပ်သားများကိုကူညီတဲ့ program တစ်ခုပေါ့။

လူသတ်သမား

#########

Eddie Ray Routh ဟာအမေရိကန်တပ်သားအငြိမ်းစားဖြစ်ပြီး၊ PTSD နှင့် စိတ်ကျန်းမာရေးပြဿနာများကို ခံစားနေရတဲ့ သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့Routh ရဲ့ မိခင်က သူ့သားရဲ့ စိတ် ဝေဒနာကို ကုစားဖို့ရာအတွက် ခရစ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဇတ်လမ်းအဆက်က ဒီလိုပါ Routh အမေအလုပ်လုပ်တဲ့ စာသင်ကျောင်းမှာ ခရစ်ကိုင်းလ် ရဲ့ ကလေးက ကျောင်းတက်ပါတယ်။ ဒီတော့ ကလေးအမေကနေ တစ်ဆင့် ကလေးအဖေ ဖြစ်သူ ခရစ်ကိုင်းလ် ဆီကို ဆက်သွယ်လာတာပါ။ ဒါ့ကြောင့် ခရစ်ကိုင်းလ် က စစ်မှူ့ထမ်းဟောင်း ပြန်လည် ကုစားရေးအတွက် လက်ခံခဲ့ပါတယ်။ အခင်း ဖြစ်ပွားခဲ့နေ့တုန်းက ကိုင်းလ် Kyle နှင့် လစ်တဲဖီး Littlefield တို့ဟာ Routh ကို သေနတ်ပစ်ကွင်းကို ခေါ်သွားခဲ့တယ်။ ဘာလို့ ခေါ်သွားခဲ့လဲဆိုတော့ Routh မှာ စိတ်ဖိစီးမှုရောဂါ (PTSD) ရရှိနေခဲ့လို့ ဒါကို စိတ်ပိုင်းဆိုင်ရာ ကိုယ်ကာယပိုင်းဆိုင်ရာ ပြုစုပျိုးထောင် လက်တွဲခေါ်ပေးဖို့ ကြိုးစားခဲ့တာပါ ။

စက်ပစ်ကွင်းအရောက်မှာတော့ ခရစ်တို့ကားဟာ ရပ်တန့်ပြီး ပစ္စည်းတွေ ထုပ်ယူကြပါတယ်။ မကြာမှီ သေနတ်ပစ်ကွင်းထဲမှာ Routh ဟာ လက်ဦးအောင် ပစ်ခတ်ခဲ့ပါတော့တယ်။ ဘယ်သူကမှ ပစ်မယ်လို့ထင်မထားတော့ သူတို့ ကိုယ်စီ ဆောင်ထားတဲ့ သေနတ်တွေက လုံခြုံရေး ခလုပ်ပင် ဖြုတ်မထားခဲ့ကြပါဘူး။

လူသတ်သမား Routh တစ်ယောက် အဖမ်းခံရပြီး လေးလအကြာ စစ်ဆေးမေးမြန်းမှူ့မှာ.. ဘာကြောင့် ပစ်သတ်ခဲ့သလဲဆိုတော့ ဒီလို ဖြေကြားခဲ့တယ်။

"I was just riding in the back seat of the truck, and nobody would talk to me. They were just taking me to the range, so I shot them. I feel bad about it, but they wouldn't talk to me. I'm sure they've forgiven me."

"ငါက ထရပ်ကားနောက်ဘက်ထိုင်ခုံမှာ ထိုင်ပြီး လိုက်စီးလာခဲ့ပေမယ့်လည်း ဘယ်သူမှ ငါ့ကိုစကားမပြောဘူး။ သူတို့က ငါ့ကို စက်ပစ်ကွင်းကိုခေါ်သွားတာပဲ။ ဒါ့ကြောင့် သူတို့ကို ပစ်သတ်လိုက်ရတယ်။ ငါစိတ်မကောင်းပါဘူး၊ ဒါပေမဲ့ငါနဲ့စကားပြောမှာမဟုတ်ဘူး။ သူတို့ငါ့ကိုခွင့်လွှတ်လိုက်ပြီလို့သေချာတယ် " Routh ဟာ Kyle နှင့် Littlefield ကိုသတ်မှုဖြင့် သက်သေနဲ့တကွ အပြစ်ရှိကြောင်းတွေ့ရှိခဲ့တယ်။ တရားရုံးကြားနာမှူ့နောက် Routh အား အာမခံ ခံဝန်ကတိဖြင့် ပြန်လွှတ်ခြင်းအမှူ့ မရှိစေပဲ ပိတ်ပင်ကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရန် အမိန့်ချခဲ့ရတယ်။

#chris_kyle #americn_sniper

← Back to blogs