အေးခဲသွားကြသော အိမ်မက်များ

2025-10-08

အေးခဲသွားကြသော အိမ်မက်များ

တိမ်တိုက်တွေ ထက် မြင့်တဲ့ တစ်နေရာ၊ ထိုနေရာရဲ့ လေထုဟာ အသက်ရှုရခတ်လောက်အောင် အရမ်းပါလွှာတဲ့နေရာ၊ ရာသီဥတုဟာ အရမ်းအေးလွန်းပြီး အဝတ်အစားတွေ အသွေးအသားတွေထဲကိုတောင်ဖြတ်သွားနိုင်အောင် ပြင်းထန်တဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ်မှာ မျှော်လင့်ချက်နဲ့အိပ်မက်တွေ အေးခဲသွားကြတယ်။

ဧဝရတ်တောင်ဟာ အမြင့်ပေ ၈၈၄၈ မီတာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်တစ်ခုပါ။ ဒါပေမဲ့ ထို တောင်ဟာ တစ်ချို့သောသူတွေ အတွက်တော့ ကောင်းကင်မှာရှိနေတဲ့ အုတ်ဂူ တစ်ခုဖြစ်သွားပါတယ်။ မျှော်လင့်ချက်နဲ့အိပ်မက်တွေ အကောင်အထည်မဖော်နိုင်ခင်မှာပဲ အေးခဲသွားတဲ့နေရာ တစ်ခုပေါ့။

(အောင်မြင်မှုအတွက် တန်ကြေး)

#####################

ဧဝရတ်တောင်ပေါ်ကိုတက်တာ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အသက်နဲ့ရင်းပြီးယူရတဲ့ အောင်မြင်မှုတစ်ခုပါ။ မီတာ ၈၀၀၀ ကျော်လာပြီ ဆိုတာနဲ့ အန္တရာယ်တွင်းထဲကို ရောက်ပါပြီ၊ အောက်ဆီဂျင် ပါဝင်မှုရာခိုင်နှုန်း အရမ်းနည်းလာပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကလည်း cell တွေ တစ်ခုချင်း စတင်ပျက်စီးလာပါတယ်၊ အမှားလေးတစ်ခုကလည်းအသက်ဆုံးရှုံးနိုင်လောက်တဲ့ အခြေအနေထိဖြစ်သွားနိုင်ပါတယ်။

ခန့်မှန်းခြေ လူပေါင်း ၃၀၀ နည်းပါးဟာ ဧဝရတ်တောင်ကို တက်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ကြပါတယ်။ အများစုရဲ့ ရုပ်အလောင်းတွေဟာ သေဆုံးခဲ့တဲ့ နေရာမှာပဲ အေးခဲလှတဲ့ ရာသီဉုကြောင့်မို့လို့ ပုံမပျက် ကျန်ရှိနေကြပါသေးတယ်။ တစ်ချို့ဟာ နှင်းတွေအောက်မှာ ဖုံးလွမ်းနေကြတယ်၊ တစ်ချိုဟာ တောင်တက်လမ်းတစ်လျှောက်မှာ လမ်းပြအမှတ်အသားတစ်ခု သဖွယ် ရှိနေကြပါတယ်။

(Green Boots လို့လူသိများတဲ့ သူတစ်ယောက်)

################################

တောင်ပေါ်တက်ဖို့ကြိုးစားရင် သေဆုံးခဲ့တဲ့ လူတွေအများကြီးထဲမှာ လူအများသိကြတဲ့ သူတစ်ယောက်ကတော့ green boots ( အစိမ်းရောင် ဖိနပ်) လို့ခေါ်ပါတယ်။ သူ့ခန္ဓာကိုယ်ဟာ ဧဝရတ် တောင်မြင့်ဆုံးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြောက်အရှေ့တောင်လမ်းပေါ်ရှိ လိုင်မစ်တောင်တန်းပေါ်က ဂူငယ်လေးတစ်ခုထဲမှာ ရှိနေပါတယ်။

Green Boots လို့သူ့ကို ခေါ်တဲ့ အကြောင်းအရင်းကတော့ သူသေဆုံးချိန်မှာ အစိမ်းရောင် ရှိတဲ့ ဖိနပ်ကို ဝတ်ဆင်ထားလို့ဖြစ်ပါတယ်။ သူ့ကိုတော့ နာမည်ဘယ်လိုခေါ်လည်း၊ ဘယ်ကလာလည်း၊ ဘယ်နိုင်ငံသားလည်းဆိုတာကို ယခုအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ စုံစမ်းမှုတွေအရတော့ သူ့နာမည်ဟာ Tsewang Paljor ဖြစ်ပြီး အသက် ၂၈ နှစ်ရှိတဲ့ အိန္ဒိယနိုင်ငံသား ရဲအရာရှိတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၆ ခုနှစ် မေလ ၁၀ ရက်နေ့ သူတို့ရဲ့ တောင်တက်ခရီးမှာ ဆိုးဝါးတဲ့ နှင်းမုန်တိုင်း တစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်။ ထို အဖြစ်အပျက်မှာ Paljor အပါအဝင် လူ ၈ ယောက်သေဆုံးကာ ဒါဇင်နဲ့ချီတဲ့ လူတွေပိတ်မိနေခဲ့ကြတယ်။ Paljor အပါအဝင် လူ ၈ ယောက်ကတော့ အိမ်ပြန်မလာနိုင်ခဲ့ကြတော့ပါဘူး။ မုန်တိုင်းရှင်းသွားချိန်မှာတော့ သူစီးထားခဲ့တဲ့ ဖိနပ်အစိမ်းရောင်ဟာ တောင်တက်သူတွေ သူသေဆုံးခဲ့တဲ့ နေရာကိုရောက်လာချိန်မှာ ပထမဦးဆုံး တွေ့တဲ့ အရာဖြစ်လာပါတယ်။

အချိန်တွေကြာလာတာနဲ့အမျှ ထိုအစိမ်းရောင်ဖိနပ် ( green boots )ဟာ ဧဝရတ်တောင်ရဲ့ မြေနေရာ အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။ တောင်တက်သမားတွေ တောင်တက်လမ်းမှာ green boots ကိုမြင်တဲ့ အခါ အချင်းချင်း radio ကနေစကားပြောကြပါတယ် green boots ကိုတော့တွေပြီ တောင်ထိပ်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတာမျိုးပေါ့။

(တစ်သက်မမေ့နိုင်တဲ့ တောင်တက်ခရီးစဉ်)

###########################

နှစ်တွေများစွာတိုင် green boots ရဲ့ ခန္ဓာကိုယ်ဟာ ပုံစံမပျက်ပဲ သူ့ရဲ့ အိမ်မက်တွေကို လက်လွတ်ခဲ့ရတဲ့ နေရာမှာပဲ ဆက်လက်တည်ရှိနေဆဲပါ။ သူ့ရဲ့ သေဆုံးနေတဲ့ပုံဟာ internet ပေါ်မှာ လူပြောများ အငြင်းပွါးစရာ တစ်ခုဖြစ်လာပါတယ်။ သူ့ရဲ့ သေဆုံးနေပုံကို internet ပေါ်ကို တင်ခြင်းဟာ သူ့ကို မလေးစာရာ ကျတယ်၊ သူ့ပုံကို တွေ့ရသဖြင့် တောင်တက် ခရီးစဉ်ဟာ ဘယ်လောက်အန္တရာယ်များကြောင်း သတိပေးနေတယ်၊ အစရှိသဖြင့်ပေါ့။

ဒါပေမဲ့ အသက်ဆုံးရှူံးသူဟာ green boots တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ တောင်ပေါ်တက်ရင်း အသက်ဆုံးရှုံးသူတွေ ထဲမှာ အခြား နာမည် အမျိုးမျိုးနဲ့ ထင်ရှားသူတွေလည်း ရှိပါတယ်။

Francys Arsentiev, “Sleeping Beauty”လို့ ခေါ်ခံရသူ၊ ၁၉၉၈ ခုနှစ်မှာ အောက်ဆီဂျင်မပါဘဲ ထိပ်သို့တက်ပြီးနောက် သေဆုံးသူ။

David Sharp, ၂၀၀၆ ခုနှစ်မှာ Green Boots အနီးမှာ သေဆုံးသူ။

George Mallory, ၁၉၂၄ ခုနှစ်ကနေတာင်တက် ခရီးမှာ ပျောက်ဆုံးသွားပြီး ၇၅ နှစ်ကြာမှ ပြန်လည်တွေ့ရှိသူ။

မတူညီတဲ့သူတို့ရဲ့ ရုပ်အလောင်းတွေဟာ မတူညီတဲ့ ဇာတ်လမ်းတွေကို ပြောပြနေပါတယ်။

(သေခြင်းနယ်မြေထဲက လူ့ယဉ်ကျေးမှု့)

##########################

ဧဝရတ်တောင်တက် ခရီးဟာ များစွာသော မေးခွန်းတွေဖြစ်ပေါ်လာစေပါတယ်။ သူတို့သေဆုံးတဲ့အခါ သူတို့ရဲ့ ရုပ်အလောင်းတွေကို တောင်ပေါ်မှာပဲ ထားရစ်ခဲ့သင့်လား? အစရှိသဖြင့်ပေါ့။

ရုပ်အလောင်းတွေကို ပြန်လည်သယ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင် သလောက်ပါပဲ။ ဘာဖြစ်လို့လည်းဆိုရင် မီတာ ၈၀၀၀ မြင့်တဲ့ အပြင်ကို လေထူဟာ အရမ်းပါးလွာတယ်၊ မြေပြင် အခြေအနေဟာ အရမ်းဆိုးဝါးလွန်းတယ်၊ ကယ်ဆယ်ရေး လုပ်သူတွေရဲ့ အသက်အန္တရာယ် ကိုပါ ထိခိုက်လာနိုင်ပါတယ်။ ရဟတ်ယာဉ်တောင်မှပဲ ထိုအမြင့်မှာ ကောင်းမွန်စွာ မပျံသန်းနိုင်ကြပါဘူး။

မိသားစုဝင်တော်တော် များများကတော့ သေဆုံးသူတွေကို သူတို့ချစ်တဲ့ ဧဝရတ်တောင်ပေါ်မှာပဲ ဆက်လက်ထားရှိချင်ကြပါတယ်။

(ယနေ့ခတ် ဧဝရတ်တောင်တက် ခရီး)

###############################

ယနေ့ခေတ်မှာ အဲဗာရက်တောင်တက်ခြင်းဟာ ပိုမိုလွယ်ကူလာပြီး လူအများအပြားတက်လာကြတယ်။ တောင်ထိပ်အနီးမှာတောင် စီတန်းစောင့်ဆိုင်းနေရတယ်လို့တောင် ပြောကြပါတယ်။

ရေခဲပြိုမှုနဲ့အတူ ယခင်က ပျောက်ဆုံးနေတဲ့ခန္ဓာကိုယ်များလည်း ပြန်ပေါ်လာတယ်။ နယ်ပယ်အာဏာပိုင်တွေက မတူညီတဲ့ သန့်ရှင်းရေးလုပ်ငန်းများကို စတင်နေကြပါပြီ။ ဒါပေမဲ့ သေခြင်းနဲ့ လူ့ယဉ်ကျေးမှု့ကတော့ အဓိကမေးခွန်းတွေကတော့ မပြေလျက်ပဲပဲရှိနေဆဲပါ။

(တောင်ထိပ်သို့ အောင်မြင်စွာရောက်သွားသူတို့ ရဲ့ ပြောစကား)

#################################

အသက်ရှင်ပြန်လာတဲ့သူတွေအများစုက “အဲဗာရက်တောင်တက်ခြင်းဟာ အနိုင်ယူမှုမဟုတ်ဘဲ သင်ခန်းစာတစ်ခုပါ”လို့ပြောကြတယ်။ တောင်ရဲ့ထိပ်ဆုံးတောင်ထိပ်မှာ မိနစ်အနည်းငယ်လောက် ရပ်နေရင်း လူ့ဘဝရဲ့သေးငယ်မှုကိုသိလာကြတယ်။ တောင်ပေါ်မှာ သေးဆုံးသွားသူတွေဟာ ရှုံးနိမ့်ခြင်း မဟုတ်ပဲ ဧဝရတ်တောင်ရဲ့ ခန်းနားလှတဲ့ ဇာတ်လမ်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပါ။

Image source - internet

Editor - Maung Phyo Zaw Aye

#green_boots #mount_everest

← Back to blogs