Rod from God
2025-11-04

ခင်ဗျားတို့စဉ်းစားကြည့်ကြပါ…၊
တန်(tonnes) နဲ့ချည်ပြီးလေးတဲ့ သံချောင်းကြီးတခုကို ကမ္ဘာမြေရဲ့တိုက်ခိုက်လိုတဲ့ နေရာတခုကိုပစ်ချပြီး လိုသလိုပစ်ချတိုက်ခိုက်နိုင်မဲ့ အာကာသပေါ်ကလက်နက်တခု၊ အနုမြူဗုံးတလုံးစာလောက် ဖျက်စွမ်းအားရှိမယ့် လက်နက်တခု။ ဒါပေမယ့် အနုမြူဗုံးလိုမျိုးတော့ ဓာတ်ရောင်ခြည်အဆိပ်သင့်တာမျိုးတွေမရှိဘူး။ ကျွန်တော် ဒီလိုပြောပေမယ့်လည်း ဒါကြီးက စိတ်ကူးယာဉ် သိပ္ပံဇာတ်လမ်းထဲကတခုပါ၊ ဒါပေမယ့် တကယ့်လက်တွေ့မှာ မရှိနိုင်ဘူးလို့ထင်မိရင်တော့ မှားသွားပါလိမ့်မယ်။ ဒီလက်နက်ကြီးရဲ့ မူလအစကတော့ အမေရိကန်တွေ စတင်လေ့လာခဲ့ကြတဲ့ စစ်အေးခေတ်ကာလ project တခုပါပဲ၊ ဒီ project ကလက်တွေ့ဖြစ်မလာခဲ့ဘူးဆိုပေမဲ့လည်း ခေတ်သစ်သိပ္ပံပညာရဲ့ အံ့ဩရင်သက်ဖွယ်ရာ လေ့လာချက်တခုပါပဲ။ .
.
(Rod from god ဆိုတာဘာလဲ)
Rod from god ဆိုတဲ့ ဆိုလိုရင်းကတော့ အာကာသထဲမှာ လည်ပတ်နေတဲ့ ဘုရားသခင်ရဲ့ လက်နက်လို့ဆိုရမှာပါပဲ။ သူ့ကို Project Thor လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။ ဒီproject ရဲ့ idea ကတော့ ရိုးရှင်းပါတယ်၊ ကြီးမားတဲ့ သတ္ထုချောင်းကြီးတချောင်းကို အာကာသထဲ လွတ်တင်ထားပြီး ကမ္ဘာပတ်လမ်းပေါ်မှာ လည်ပတ်စေပါတယ်၊ တိုက်ခိုက်လိုတဲ့အချိန်မှာ တိုက်ခိုက်လိုသလိုပစ်ချလိုက်နိုင်ပါတယ်။ ကမ္ဘာမြေကို ကျဆင်းလာမယ့် ထိုသတ္ထုချောင်းရဲ့ အမြန်နှုန်း (speed) က 11 kilometers per second (about 25,000 mph) ရှိပါမယ်၊ ထိုအမြန်နှုန်း (speed)၊ ထိုအလေးချိန်(weight) နဲ့ဆို ရင် ကမ္ဘာမြေကို ကြီးမားတဲ့ kinetic energy အရွေ့စွမ်းအင်တခုနဲ့ ရိုက်ခတ်သွားမှာဖြစ်ပါတယ်၊ ပေါက်ကွဲစေတဲ့ပစ္စည်းတခုမှမပါဝင်ပဲ ကြီးမားတဲ့ စွမ်းအင်ဖျက်အားမှုတခု သက်ရောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်လေ့လာကြည့်ရသလောက်ကတော့ ထိုသတ္ထုချောင်းကို tungsten နဲ့ပြုလုပ်သွားမှာဖြစ်ပြီး အရှည် 6 မီတာ၊ အချင်း 30 စင်တီမီတာ နဲ့ အလေးချိန် 9 တန် ရှိမှာဖြစ်ပါတယ်။ .
.
(ဒီလိုကြီးမားတဲ့ အဖျက်စွမ်းအားကိုရစေတဲ့ နောက်ကွယ်က ရူပဗေဒသဘောတရား)
ဒီသဘောတရားကတော့ အလွန်ရိုးရှင်းလွန်းပါတယ်။ ကျွန်တော်တို့ကြားဘူးနေကြ သာမန် physics equation လေးတခုပါပဲ။( equation ကို ပုံမှာပြထားပေးပါ့မယ်)
K.E = ½ mv^2
Eဆိုတာ energy၊ mဆိုတာ mass နဲ့ v ဆိုတာ velocity ပါ။
သတ္ထုချောင်းကြီး ကမ္ဘာမြေပေါ်ကို ကျလာတဲ့ velocity 11 kilometers per second နဲ့ အလေးချိန် 9 တန် တို့ကို ထိုequationထဲမှာ ထည့်တွက်လိုက်မယ်ဆိုရင် သူရဲ့ အဖျက်စွမ်းအားက ပေါက်ကွဲမှုယမ်း(TNT) တန်ချိန် 10 တန်စာပေါက်ကွဲမှုနဲ့ ညီမျှမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ဒီပေါက်ကွဲမှုက တော်တော်ကိုများတဲ့ အဖျက်စွမ်းအင်တခုပါ။ ထိုသတ္ထုကို tungsten နဲ့ပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ သာမန်တ္ထုတွေဖြစ်တဲ့ steel, aluminum, iron တို့ထပ် မာကျောမှု၊ အပူဒါဏ်ခံနိုင်မှုတို့ ပိုကောင်းနေလို့ဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်ကိုကျလာတဲ့အချိန်မှာ လေထုရဲ့ပွတ်တိုက်မှုက များစွားသောအပူချိန်ကိုဖြစ်ပေါ်စေတယ်၊ ဒီလို scenario မျိုးကိုတော့ ရုပ်ရှင်တွေထဲမှာ အားလုံးမြင်ဖူးကြမှာပါ။ သာမန်သတ္ထုတွေဆိုရင် ဒီလိုအပူချိန်မျိုးနဲ့ လေထုအတွင်းမှ အလွယ်တကူ ပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အပူဒါဏ်ကို များစွာခံနိုင်တဲ့ tungsten သတ္ထုကို အဓိကထား ရွေးချယ်ကြတာပါ။ .
.
(စစ်အေးခေတ်အိမ်မက်)
ဒီ project ကို စစ်အေးခေတ် ကာလမှာ အမေရိကန်တို့ အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ကြတာပါ။ ထိုကာလဟာ အမေရိကန်နဲ့ ဆိုဗီရက်ပြည်ထောင်စု (United States and the Soviet Union) တို့ အာကာသ လက်နက်တပ်ဆင်ရေးအပါအဝင်၊ နည်းပညာနယ်ပယ်အသီးသီးမှာ အပြိုင်အဆိုင် သူ့ထက်ငါ ဘယ်သူအရင်ဦးနိုင်မလဲဆိုတာ ယှဉ်ပြိုင်နေကြတဲ့ခေတ်ဖြစ်ပါတယ်။
၁၉၅၀ နဲ့ ၁၉၆၀ ကြားမှာ အမေရိကန်စစ်တပ်ဟာ kinetic စွမ်းအင်နဲ့ ပတ်သက်တဲ့လက်နက် တည်ဆောက်ရေးကို အားစိုက်လုပ်ဆောင်ခဲ့ကြပါတယ်။ rod from god ဆိုတာလည်း ဒီအထဲက တခုပါ၊ ဒီproject ကိုတော့ Boeing ရဲ့ ပညာရှင်တယောက်ဖြစ်သူ “Jerry Pournelle” ကအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ အာကာသထဲမှာ လှည့်အပတ်နေပြီး ဘာပေါက်ကွဲစေတဲ့ပစ္စည်း ဘာဓာတ်ရောင်ခြည်သင့်မှုမှမရှိတဲ့ သန့်ရှင်းတဲ့လက်နက်ကြီးပေါ့လေ😁😁။
ဒီလက်နက်ကို အာကာသထဲမှာ တပ်ဆင်ဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းတခုကတော့ ကမ္ဘာ့နိုင်ငံတွေ အာကာသထဲမှာမည်သည့် ပေါက်ကွဲစေတဲ့ လက်နက်တခုမှ တပ်ဆင်ချင်းမပြုရဘူးဆိုတဲ့ သဘောတူ စာချုပ်ကြောင့်ပါ။ rod from god ဟာ မည်သည့်ပေါက်ကွဲစေတဲ့ ပစ္စည်းတခုမှမပါဝင်တဲ့အတွက် ထိုစာချုပ်မှ ကင်းလွတ်ပါတယ်။ .
.
(ဘာဖြစ်လို့ ဒီလောက်ကောင်းတဲ့ လက်နက်ကြီး လက်တွေ့ဖြစ်မလာခဲ့တာလည်း) ########################################################
-
(လွှတ်တင်နိုင်ဖို့ ကုန်ကျစာရိတ်) အလေးချိန်များတဲ့ tungsten သတ္ထုချောင်းကြီးကို အာကာသထဲမှာရှိတဲ့ ကမ္ဘာပတ်လမ်းဆီသို့ လွတ်တင်ဖို့ အရမ်းအကုန်အကျများလွန်းပါတယ်။ ဒီနေ့ခေတ် ဒုံးပျံတွေနဲ့ လွတ်တင်မယ်ဆိုရင်တောင် 9 တန်လေးတဲ့ tungsten သတ္ထုချောင်းတချောင်းထဲကို လွတ်တင်ဖို့ရာ ဒေါ်လာ သန်းနဲ့ချီပြီးကုန်ကျမှာ ဖြစ်ပါတယ်။
-
(တိကျတဲ့ပစ်ခတ်မှု) ကမ္ဘာမြေပေါ်ကနေရာတခုကို အာကာသပေါ်ကနေ ပစ်ချ တိုက်ခိုက်ဖို့ရာအတွက် နည်းပညာမြင့်တဲ့ ပဲ့ထိန်းစနစ်တွေ၊ ဆက်သွယ်ရေးတွေ နဲ့ တိကျတဲ့ ချိန်ဆမှုတွေအများကြီးလိုအပ်ပါတယ်။ ချိန်ဆမှုအနည်းငယ်မှားလိုက်တာနဲ့ ပစ်မှတ်ရဲ့အဝေးကီလိုမီတာ ရာချီ ကိုကျရောက်သွားနိုင်ပါတယ်။
-
(လေထုရဲ့ပွတ်တိုက်အား) ကမ္ဘာ့လေထုထဲသို့ ပြန်ကျလာတဲ့အခါမှာ လေထုနဲ့ ပွတ်တိုက်မှုများတဲ့အတွက် ထိုသတ္ထုချောင်းဟာ များပြားလှတဲ့ အပူချိန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ သတ္ထုချောင်းကို ပုံပန်းသဏ္ဍန်မပျက်ပဲ တိုက်ခိုက်နိုင်ဖို့အတွက် engineer တွေအဖို့က စိန်ခေါ်မှုအလွန်ကြီးမားနေပါသေးတယ်။
-
(အာကာသ ဉပဒေနဲ့ နိုင်ငံရေး) (Outer Space Treaty of 1967) အရ အာကာသထဲမှာ မည်သည့် ပေါက်ကွဲစေတဲ့လက်နက်မှ မတပ်ဆင်ရဆိုပြီး ကမ္ဘာ့နိုင်ငံအများစုက စာချုပ်ချုပ်ဆိုထားပါတယ်။ ဒီနေရာမှာ rod from god က kinetic စွမ်းအင်သုံးတယ်၊ ဘာပေါက်ကွဲစေတဲ့ ပစ္စည်းမှ မပါဝင်ဘူးဆိုပေမဲ့လည်း နိုင်ငံအများစုက လက်နက်တခုဆိုတဲ့ အမြင်နဲ့ ကန့်ကွက်ကြဉီးမှာပါ။ ဒီလိုကြားထဲကမှ လွတ်တင်လိုက်မယ်ဆိုရင် နိုင်ငံတွေကြားထဲမှာ အာကာသ စစ်ပွဲကြီးတခု ဖြစ်သွားနိုင်ပါတယ်။ .
.
(Kinetic စွမ်းအင်လက်နက် vs ယနေ့ခေတ်လက်နက်)
Kinetic စွမ်းအင်သုံးလက်နက် နဲ့ ယနေ့ခေတ် အသံထပ်မြန်တဲ့ (hypersonic missiles) လက်နက် တို့ဟာ အမြန်နှုန်း၊ တိကျမှု့ နှင့် ဖျက်စီးနိုင်စွမ်းကို အဓိကထား တဲ့လက်နက်တွေဖြစ်ပါတယ်။
ဒါပေမဲ့ အသံထက်မြန်တဲ့ ဒုံးကျဉ်(hypersonic missiles) ဟာ မြေပြင်ကနေ ပစ်ခတ်နိုင်တယ်၊ စျေးအတော်အသင့်ရှိတယ်၊ တိကျမှုမှန်ကန်တယ်။ တဘက်မှာ rod from god လိုမျိုး အာကာသပေါ် လွတ်တင်ထားမဲ့ လက်နက်မျိုးကတော့ အရမ်းစျေးကြီးတယ်၊ တည်ဆောက်ဖို့ရာ အရမ်းရှုပ်ထွေးလွန်းတယ်။ ကောင်းတဲ့တချက်ကတော့ သူက တကမ္ဘာလုံးကို အုပ်စိုးထားနိုင်တာပဲဖြစ်ပါတယ်။ သီအိုရီအရ ကမ္ဘာရဲ့ ဘယ်နေရာမဆို မိနစ်အနည်းငယ်နဲ့ ဖျက်စီးနိုင်မှာဖြစ်ပါတယ်။ ဒုံးကျည် ကာကွယ်ရေးစနစ်တွေကိုလည်း ကျော်ဖြတ်နိုင်ဉီးမှာပါ။
ခြုံပြောရရင် ယနေ့ခေတ်သုံးနေတဲ့ အသံထက်မြန်တဲ့ ဒုံးကျဉ်(hypersonic missiles)တွေဟာ စျေးပေါတယ်၊ တိကျတယ်၊ နည်းပညာလည်းရှိပြီသားဖြစ်တဲ့အတွက် စစ်တပ်တွေအတွက် အကောင်းဆုံး အဖျက်စွမ်းအားကြီး လက်နက်တွေ အနေနဲ့ ဆက်ရှိနေဉီးမှာပါ။ .
.
(အနာဂတ်မှာ ဖြစ်လာနိုင်ဉီးမလား?)
Space X ရဲ့ ပြန်လည်သုံးစွဲနိုင်တဲ့ (reusable) ဒုံးပျံတွေ ပေါ်လာပြီး နောက်ပိုင်းမှာ အာကာသကို လွှတ်တင်ဖို့ ကုန်ကျစားရိတ်တွေ သက်သာလာတယ်။ ထို့ကြောင့် project “rod from god” ကိုလွှတ်တင်ဖို့ စားရိတ်က အရင်ကလောက် မများတော့ပါဘူး။ ဒီအချက်ကြောင့်ပဲ rod from God က တဖန်ပြန်အသက်ဝင်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။
ထိုသို့ ကုန်ကျစားရိတ်တွေ သက်သာလာပေမဲ့လည်း အာကာသပေါ်သို့ လက်နက်မတပ်ဆင်ရဘူးဆိုတဲ့ သဘောတူစာချုပ်တွေက ဆက်လက်ရှိနေဆဲပါ။ လွတ်တင်လိုက်ခြင်းဟာ စာချုပ်ဖောက်ဖျက်ရာကျပြီး စစ်ပွဲတွေ ဖြစ်လာမယ်၊ အာကာသပေါ်မှာ နိုင်ငံအများအပြားက လက်နက်တွေ အပြိုင်အဆိုင်တပ်ဆင်လာကြမယ်၊ ကျွန်တော်တို့ ကမ္ဘာကြီးကလည်း ပိုမိုကြောက်စရာကောင်းလာမှာ အသေအချာပါ။