မျိုးဆက်သစ်အတွက် မွေးရပ်မြေပြန်ကာ သေဆုံးကြသူများ
2025-09-01

နှစ်စဥ် September လဟာ salmon ငါးတို့ရဲ့ မွေးရပ်မြေကိုပြန်ချိန်ပါ။ ထိုလမှာ သန်း၅၀၀ ကျော်တဲ့ salmon ငါးတွေဟာ ပင်လယ်ပြင်ရဲ့တစ်နေရာမှာ စတင်စုဝေးကြပြီး၊ သားပေါက်ဖို့ရန် မွေးရပ်မြေရောက်ဖို့ မိုင်ထောင်ပေါင်းများစွာဖြတ်ကျော်ပြီး ခရီးသွားကြရမှာပါ။ သမုတ္တရာလှည့်ခရီသွားကြသူတွေထဲမှာ salmon တွေဟာ သဘာဝကပေးတဲ့ အံ့အောစရာကောင်းလောက်တဲ့ လမ်းညွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသူတွေပါ။ ယနေ့ခတ် လူသားတွေအသုံးပြုနေတဲ့ လမ်းညွန်စနစ်တွေ မရှိပဲ 70 million square feet ကျယ်ပြန်တဲ့ သမုတ္တရာကြီးထဲမှာ အိမ်ပြန်လမ်းကို တိကျစွာ ရှာဖွေနိုင်ကြပါတယ်။
သူတို့တွေ ပင်လယ်ကနေ မြစ်ချောင်းတွေထဲကိုစတင်ဝင်ရောက်ပြီဆိုတာနဲ့ အစာစားတာကိုရပ်လိုက်ကြပါပြီ။ ထိုစဥ်မှာပဲ အိမ်ပြန်ခရီးရဲ့ ပထမဦးဆုံး အခက်အခဲ စိန်ခေါ်မှု့ကို ရင်ဆိုင်ကြရပါပြီ၊ ပြင်းထန်တဲ့ ရေစီးကြောင်းတွေနဲ့ စာလောင်နေကြတဲ့ တောရိုင်း ဝက်ဝံတွေပါ။ ခရီရှည်ကြီး ဖြတ်သန်းပြီးတဲ့ အခါမှာတော့ တစ်ချို့ salmon တွေက မောပန်းနေကြပါပြီ၊ သို့ပေမဲ့ အိမ်ပြန်ခရီးက မဆုံးသေးပါဘူး။
အကောင်းဆုံးကြိုးစားအားထုတ်မှုတွေနဲ့ သူတို့ရဲ့ ပထမဦးဆုံး အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပါပြီ။ ဆက်လက်ပြီး ကျန်ရှိနေတဲ့ salmon များဟာရေဆန်ကို ဆက်ကာကူးခက်လာခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့တွေကို ဒီထက်ကြောက်ဖို့ကောင်းတဲ့ အခက်အခဲတွေက စောင့်ကြိုနေပြန်ပါတယ်။ သူတို့ဘဝရဲ့ အချိန်အတော်များများကို ပင်လယ်မှာဖြတ်သန်းခဲ့ရတဲ့အတွက် သူတို့အရေပြားမှာရှိတဲ့ osmotic pressure ဟာ ရေချိုနဲ့ သဟဇာတ မဖြစ်တော့တဲ့အတွက် အရေပြားတွေ စတင်ကွာကြလာပါတယ်။ ထိုအချိန်မှာတော့ ၉၀ ရာခိုင်နှုန်းသော salmon တွေဟာ သေဆုံးကုန်ပါပြီ။ သဘာဝရဲ့ ကြမ်တမ်းတဲ့ ရွေးချယ်မှု့အပြီးမှာတော့ အနည်းငယ်သော အရေအတွက်သာကျန်ပါတော့တယ်။ ကျန်ရှိနေတဲ့ စွမ်းအင်အနည်းငယ်နဲ့ အိမ်ကိုပြန်ရောက်နိုင်ဖို့ salmon တွေဟာ သူတို့တစ်ကိုယ်လုံးကို အနီရောင်ပြောင်းသွားစေမဲ့ hemoglobin တွေစတင်ထုတ်လွတ်ပါတယ်။ ထိုနည်းလမ်းတစ်ခုထဲကသာ ကျန်ရှိနေတဲ့စွမ်းအင်တွေကို ပန်းတိုင်ဖြစ်တဲ့ အိမ်ပြန်ဖို့ ရွေ့လျားနိုင်အောင် သုံးစွဲနိုင်မှာပါ။ ထိုသို့ ကြမ်းတမ်းတဲ့ ခရီးစဥ် ၇လလောက်ကြာမြင့်တဲ့ အချိန်မှာတော့ salmon တွေဟာ သူတို့ရဲ့မွေးဖွားရာ အိမ်ကိုပြန်ရောက်ပါတော့မယ်။
ဒါပေမဲ့ စိန်ခေါ်မှု့တွေက ဒီမှာတင်မပြီးသေးပါဘူး ဝက်ဝံတွေရဲ့ ခြုံခိုတိုက်ခိုက်မှု့ပါ။ ဝက်ဝံတွေ အတွက်ကတော့ salmon တွေဟာ သူတို့အသက်ရှင်ဖို့အတွက် အကောင်းဆုံး အစာအဟာရပါ၊ salmon တွေမရှိပါက သူတို့ဆောင်းခိုဖို့အတွက် လုံလောက်တဲ့ အစာအဟာရ မရရှိနိုင်ပါဘူး။ မရရှိပါက ဆောင်ခိုစဥ်မှာပဲ ထာဝရအိပ်ဆက်သွားရပါလိမ့်မယ်။ စားသုံးရာမှာလည်း ဝက်ဝံတွေဟာ ဘယ်အစိတ်အပိုင်းက fat အများဆုံးပါလည်းဆိုတာ ကောင်းကောင်းကြီးသိကြပါသေးတယ်။ ဒီတော့ salmon တွေကို ဖမ်းဆီးပြီနောက်မှာ မျိုးဥတွေနဲ့ အရေပြားကိုသာစားဖို့ရွေးချယ် ကြပါတယ်။
ဝက်ဝံတွေလက်က လွတ်ပြီးချိန်မှာတော့ ကျန်ရှိသူတွေဟာ နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ သားပေါက်ဖို့ ဥချမဲ့ အိမ်ကိုရောက်ရှိပါပြီ။ ထိုနေရာဟာ သူတို့ရဲ့ မွေးဖွားရာ ဘဝကုန်ဆုံးရာလည်းဖြစ်ပါတယ်။ ရောက်ရှိစဥ်မှာပဲ salmon အမတွေဟာ စမ်းချောင်း ကြမ်းပြင်မှာ စတင်တူးစွပြီး ဥတွေစတင်ဥပါပြီ၊ အထီးတွေလည်း sperms တွေစတင်ထုတ်လွတ်ပါပြီ။ ဒါတွေအားလုံးပြီးဆုံးသွားတဲ့နောက်မှာတော့ အားအင်ကုန်ခန်းပြီး ရေအောက်ကြမ်းပြင်ကိုကျကာ သေဆုံးကုန်ပါတော့တယ်။ သေဆုံးပြီနောက်မှာ သူတို့ကိုယ်ခန္ဓာတွေဟာ ပျက်စီးပြီး salmon သားပေါက်တွေအတွက် အစားအသောက်ကို ထောက်ပံ့ပေးပြန်ပါသေးတယ်။ ထို့နောက် salmon သားပေါက်လေးတွေဟာ ရေချိုမှာ ရက်သတ်တပတ်အနည်းငယ်ကြာ နေထိုင်အပြီးမှာတော့ ပင်လည်ကို သွားကြပါပြီ။
အနာဂတ်ရဲ့ တစ်ချိန်ချိန်မှာ သူတို့တွေလည်း သူတို့မိဘတွေလို အံ့အောစရာကောင်းလောက်တဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းပြီးတော့ မျိုးဆက်သစ်တွေ မွေးဖွားဖို့ အိမ်ပြန်လာကြမှ အသေချာပါ။
#salmon #salmonlifecycle #wildlife #nature
Crd to original photographer 📸